Tuesday, 10 July 2012
Thursday, 5 July 2012
Sunday, 1 July 2012
ယောဂီမှန်ပြ ဗုဒ္ဓ၀န္ဒနာ
သြကာသ၊ သြကာသ၊ သြကာသ ၊ ကာယကံ၊ ၀စီကံ၊ မနောကံ၊ အပြစ်မှန်သမျှ ကင်းစင်ပ၍ လုံးဝသန့်ရှင်းပျောက်ပါစေခြင်းအကျိုးငှာ လည်းကောင်း၊ အမတမှန် နေရဗ္ဗာန်ကို ဧကန်ထုတ်ချောက် အဟုတ်ရောက်၍ မျက်မှောက်ပြုပါရခြင်း အကျိုးငှာလည်းကောင်း၊ ဘုရား တရား သံဃာ အားဖြင့်၊ သုံးပါမှန်စွာ မြတ်ရတနာကကို ငါးဖြာ အင်ညီ အဉ္ဇလီဖြင့် တင်ချီသုံးကြိမ် ဦးတော်နှိမ်လျက် တည်ငြိမ်မြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ အရှင်မြတ်ဘုရား။
အတိုစား ဆုပတ္ထနာ
ဤသို့သုံးကြိမ် ဦးတော်နှိမ်လျှက် တည်ငြိမ်မြတ်နိုး လက်စုံမိုး၍ ရှိခိုးပါရ မြတ်ပုညကြောင့် ဘ၀ဖန်ခါ ပြန်မလာဘဲ ခန္ဓာရုပ်-နာမ် ချုပ်ကြောင်းမှန်သည်၊ ရှစ်တန်မဂ္ဂင် အမတယာဉ်ကို ဆောလျှင်ခဏ အားထုတ်ရ၍ ခေမ နိဗ္ဗူ သောင်ကျွန်းငူသို့ လွယ်ကူသွက်လက် မဂ်စဉ်တက်လျက် အာသ၀က်မြတ် ၀ိဇ္ဇာဓာတ်ဖြင့် ချဉ်းကပ်ပေါက်မြောက် အမြန်ရောက်၍ မျက်မှောက်ပြုရပါလို၏ အရှင်မြတ်ဘုရား။
တရားမှတ်ရန်အဓိဋ္ဌာန်
၁။ ဘုန်းတော် ကံတော်၊ တန်ခိုးတော်နှင့်၊ ဥာဏ်တော်ကြီးမား၊ အရှင်မြတ်ဘုရား၊ ထင်ရှားအဟုတ်၊ နာမ်နှင့်ရုပ်ကို၊ သမုတ်မှည့်ခေါ်၊ တပည့်တော်သည်၊ ထင်ပေါ်ကျော်ကြား၊ ဂုဏ်တော်ကြွားသည့်၊ သုံးပါးမှန်စွာ၊ မြတ်ရတနာနှင့်၊ ရှစ်ဖြာဂုဏ်ရ၊ မဂ်သီလကို၊ ဓနဥစ္စာ၊ကိုယ်အင်္ဂါနှင့်၊ ခန္ဓာအသက်၊ မငဲ့ကွက်ဘဲ၊ မသက်မညှာ၊ မဂ်သဒ္ဓါဖြင့် မြဲစွာယုံကြည်၊စောင့်ရှောက်ဆောက်တည်ပါ၏ အရှင်မြတ်ဘုရား။
၂။မသက်မညှာ၊မဂ်သဒ္ဓါဖြင့်၊မြဲစွာယုံကြည်၊ မသွေ ဖည်ပဲ၊ ဆောက်တည်ရိုးသား၊ မှန်ခဲ့ပါမူ၊ ကိုယ်မှာနှိပ်စက်၊ အခံခက်သည့်၊ ဒဏ်ကျရောဂါ၊ ဝေဒနာသည်၊ မကြာလက်ငင်း၊ ပျက်မယွင်း၊ ချက်ခြင်း ချုပ်ပါစေ။
၃။မဟေသရ၊ ဂုဏ်တေဇဖြင့်၊ လောကထင်ရှာ၊ မြတ်သိကြားနှင့်၊ မိုဃ်ဖျားဗြဟ္မာ၊ နတ်ဒေ၀ါတို့၊ ကိုယ်မှာငြိတွယ်၊ အန္တရာယ်မှ၊ ပျောက်ကွယ်ကင်းပ လွတ်ငြိမ်းရအောင်၊ နေ့ညမသွေ၊ စောင့်ရှောက်ပါစေသတည်း။
Subscribe to:
Posts (Atom)